ဒီစာအုပ်ဟာ စာရေးသူရဲ့ ပွဲဦးထွက်ပထမဆုံး စာအုပ်လည်းဖြစ်ပါတယ်။
“ဒီစာအုပ်ကိုဖတ်ပြီး အောင်မြင်ကြီးပွား တိုးတက်မယ်လို့ အာမ မခံပါ။ အောင်မြင်ကြီးပွားတိုးတက်ရေးအတွက် ရေးသားထားသော စာအုပ်လည်းမဟုတ်ပါ။ ရိုးရှင်းမှုနဲ့ ပေါ့ပါးမှုကို ဇောင်းပေးရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်မှာပါဝင်တဲ့ အကြောင်းအရာတွေဟာ စာရေးသူရဲ့ ထင်မြင်ယူဆချက်တွေဖြစ်ပြီး နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝထဲက စိတ်ဒုက္ခတွေကို မည်သို့မည်ပုံ ဖြေရှင်းသင့်တယ်ဆိုတာကို ရေးသားထားခြင်းဖြစ်ပါတယ်။ အနာဂတ်မှာ ရိုးရှင်းပေါ့ပါးစွာ နေထိုင်နိုင်ဖို့ဆိုရင် ပစ္စုပ္ပန်မှာ ကောင်းမွန်သော လုပ်ရပ် ရှိရမယ်လို့ ယုံကြည်ပါတယ်။
ကောင်းမွန်သောလုပ်ရပ်ဆိုသည်မှာ ရိုးရှင်းပေါ့ပါးမှုကိုသာ ရည်ညွှန်းပါတယ်” လို့ စာရေးသူက ဆိုပါတယ်။ ဒီစာအုပ်မှာ စာအပုဒ်(၃၀)ပါဝင်ပြီး နေ့စဥ်မှတ်တမ်းသဘောမျိုး ” Day Oneကနေ Day Thirty” အထိ ပါဝင်ပါတယ်။နောက်ခံကျောရိုးမတူတဲ့ ဇတ်လမ်းအပုဒ်(၃၀)ကို စုစည်းထားတာလည်းဖြစ်တာကြောင့် ဘဝမှာ သောကတွေကင်းရှင်းစေပြီး ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့အတွက် အဖတ်သင့်ဆုံးစာအုပ်ကောင်းလေးဖြစ်တာမို့ ချစ်ခင်နှစ်သက်သူတွေကို လက်ဆောင်မွန်အဖြစ်ပေးဖို့ဆိုရင်လည်း အကောင်းဆုံးရွေးချယ်မှုလို့ ဆိုရမှာပါ။
Reviews
There are no reviews yet.