အခက်အခဲတွေကို ကျော်ဖြတ်ရာမှာ လိုအပ်တဲ့စိတ်ခွန်အားတွေ အမြန်ဆုံး ရရှိစေမယ့် အကောင်းဆုံးစာအုပ်။
ဒီစာအုပ်က စိတ်ခွန်အားဖြည့်စာပိုဒ်အပုဒ် (၁၀၀)ကို စုစည်းထားပြီးမြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားတင်ပြထားပါတယ်။ ပထမအကြိမ်ကတည်းက လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ယခုအခါ ပြင်ဆင်ဖြည့်စွက် တည်းဖြတ်ပြီး ဒုတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေလိုက်တာပါ။
”အများစုဟာ ဝင်ငွေထက် ထွက်ငွေများနေလို့ ပုံမှန်လုပ်ခလစာနဲ့ မလောင်ငှလို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အထွေထွေ အခက်အခဲ အကျပ်အတည်း စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရှေ့မတိုးနောက်မဆုပ်သာ ပိတ်မိနေတတ်ပါတယ်။ ဒီအခါမှာ စိတ်ဓာတ်ကျတတ်ကြတာပါပဲ။ အနာသိဆေးရှိဆိုသလို ဆေးစွမ်းကောင်းတစ်လက်လို ဒီစာအုပ်က စိတ်ခွန်အားတွေ အမြန်ဆုံးရရှိစေမှာဖြစ်ပါတယ်။
ဒီစာအုပ်မှာ စာပိုဒ်တိုတို ထိထိမိမိ လေးလေးနက်နက် ရေးသားထားတာမို့ အချိန်တိုအတွင်းမှာ အထိရောက်ဆုံးနဲ့ အကောင်းဆုံးစိတ်ခွန်အားတွေ ရရှိစေမှာဖြစ်ပါတယ်။ ခရီးသွားရင်ဖြစ်စေ၊ တစ်ခုခုကိုစောင့်နေရချိန်ဖြစ်စေ၊ အားလပ်ချိန်မှာဖြစ်စေ၊ အကျိုးရှိရှိအသုံးချလို့လည်း အဆင်ပြေပါတယ်၊ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တာကြောင့် ကိုယ်တိုင်ဖတ်ဖို့ဖြစ်စေ ချစ်ခင်ရသူတွေကို လက်ဆောင်အဖြစ်ဖြစ်စေ အကောင်းဆုံးနဲ့အမှန်ဆုံးရွေးချယ်မှုလို့ဆိုရမှာပါ။
Reviews
There are no reviews yet.