တကယ်လို့များသင်ကအိပ်မက်ကြီးကြီးမက်ရဲတယ်ဆိုရင်တော့ဒီစာအုပ်ကသင့်ဘဝကိုပြောင်းလဲသွားစေမှာအသေအချာပါပဲ။
စီးပွားရေးလုပ်ငန်းခရီးကြမ်းကို ရဲရဲဝံ့ဝံ့ဖြတ်ကျော်ပြီးကနေ့ Eko ဆိုတဲ့ အိုင်တီကုမ္ပဏီကြီးကိုတည်ထောင်ခဲ့ကြတဲ့ အဘီရှက်ခ်နဲ့အဘီနက်ဗ် ဆိုတဲ့လူနှစ်ယောက်ရဲ့အဖြစ်မှန်ကတစ်ဆင့် စွန့်စားတီထွင်လုပ်ငန်းရှင်ဆိုတဲ့ အနှစ်သာရဟာ စိတ်ထက်သန်ပြင်းပြမှုအတိုင်းရှင်သန်နေထိုင်သွားတာဖြစ်ပြီး လုပ်စရာလေးတစ်ခုသာဖြစ်တယ်၊ လုပ်ပြီးရင်စာရင်းကနေဖျက်လိုက်ဖို့ဆိုတာမျိုးမဟုတ်တဲ့အကြောင်းတင်ပြထားပါတယ်။
တစ်နေ့တစ်မျိုး အမျိုးမျိုးဖြစ်ပျက်နေတဲ့ အကြောင်းတွေ၊ မြောင်းထဲရောက်သွားရတဲ့ဘဝကနေရုန်းထွက်ခဲ့ရပုံတွေ၊ ကိုယ်တွင်းကအနှောင့်အယှက်တွေ၊ ပြင်ပကရန်အသွယ်သွယ်တွေ အားလုံးကို အောင်မြင်မှုခရီးလမ်းမှာ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
စိတ်ခွန်အားအများကြီးပေးတဲ့ ဒီအဖြစ်အပျက်မှာလုပ်ငန်းရှင်တိုင်းမှာရှိရမဲ့ အရည်အသွေး ၅ ခု ကို ဖော်ပြထားပါတယ်။ အဲဒါတွေက သတ္တိ၊ ဒူပေနာပေခံနိုင်မှု၊ တီထွင်ဆန်းသစ်မှုရှိတဲ့ အကောင်အထည်ဖော်နိုင်စွမ်း၊ ဓမ္မဓိဋ္ဌာန်ကျမှုနဲ့ စကြဝဠာကြီးရဲ့ရည်ရွယ်ချက် (သဘာဝနိယာမ)ကို ယုံကြည်မှုတို့ပဲ ဖြစ်ပါတယ်။
Reviews
There are no reviews yet.